"ငါတို့တော်လှန်ရေး ငါတို့အနာဂတ် ငါတို့အောင် ပွဲ" ဆိုသည့် ရွှေနွယ်သွေးသပိတ် ၄၅၆ရက်မြောက် ချီတက်ဆန္ဒပြ

သြဂုတ်လ ၂ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၌ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် "ငါတို့တော်လှန်ရေး ငါတို့ အနာဂတ် ငါတို့အောင်ပွဲ" စာသားပါ ဘန်နာကိုကိုင်စွဲ၍ ယနေ့ သြဂုတ်လ ၂ ရက်နေ့တွင် ချီတက် သပိတ်မှောက်ဆန္ဒပြကြသည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း”သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု ၄၅၆ရက် မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ကြခြင်း ဖြစ်သည်ဟု သိရသည်။