“ညီညွတ်မှ ပြည်သစ်ရမယ် ဘုံရန်သူကို မမေ့ကြနဲ့” ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း

ဩဂုတ် ၂ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၄၁ ရက်မြောက်အဖြစ် ယနေ့ ဩဂုတ် ၂ ရက် နေ့တွင်ဆက်လက် ချီတက်ဆန္ဒပြ သည်။

“ညီညွတ်မှ ပြည်သစ်ရမယ် ဘုံရန်သူကို မမေ့ကြနဲ့” စာတမ်းကို ကိုင်စွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ ကြသည်။

ကလေးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိသော်လည်း လူထုသပိတ်စစ်ကြောင်းသည် ပြည်သူများနှင့် အတူရှိကြောင်းပြသသည့်အနေဖြင့် ကလေးမြို့ နတ်ချောင်းလမ်းမပေါ်တွင် ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။