“လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

ဩဂုတ်လ၂ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၀၉ ရက်မြောက် အဖြစ် ယနေ့ ဩဂုတ်လ၂ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ” စာတန်းကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက်၊ ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။