"ငါတို့တော်လှန်ရေး ငါတို့အနာဂတ် ငါတို့အောင်ပွဲ" ဆိုသည့် ရွှေနွယ်သွေးသပိတ် ချီတက်ဆန္ဒပြ

ဩဂုတ်လ ၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၌ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် "ငါတို့တော်လှန်ရေး ငါတို့ အနာဂတ် ငါတို့အောင်ပွဲ" စာသားပါ ဘန်နာကိုကိုင်စွဲ၍ ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် ချီတက် သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု ၄၅၅ရက် မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ကြခြင်း ဖြစ်သည်ဟု သိရသည်။