“ညီညွတ်မှ ပြည်သစ်ရမယ် ဘုံရန်သူကို မမေ့ကြနဲ့” ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ဩဂုတ်လ ၁ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၄၀ မြောက်အဖြစ် ယနေ့ဩဂုတ်လ ၁ ရက်နေ့တွင် ဆက်လက် ဆန္ဒပြကြသည်။

“ညီညွတ်မှ ပြည်သစ်ရမယ် ဘုံရန်သူကို မမေ့ကြနဲ့” စာတမ်းကို ကိုင်စွဲ၍ စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။