ပုလောရှိ ကျေးရွာတစ်ရွာတွင် PDF များ၏ လုံခြုံရေးဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ဩဂုတ်လ ၁ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) KPDF နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။

ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် ကျေးရွာနေ တိုင်းရင်းသားပြည်သူလူထုများမှ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး ချီတက် ဆန္ဒထုတ်ဖော်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။