“လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ” ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၅၀၉ ရက်မြောက် ချီတက်ဆန္ဒပြ

ဩဂုတ်လ ၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၀၉ ရက်မြောက် အဖြစ် ယနေ့ ဩဂုတ်လ၁ ရက်နေ့တွင် ဆက်လက် ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ” စာတမ်းကိုင်စွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော် သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။