" ကျဆုံးသွားသော အာဇာနည်တွေအတွက်သစ္စာစောင့်တည်ကြ" ဆိုသည့် ရွှေနွယ်သွေးသပိတ်

ဇူလိုင်လ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၌ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် " ကျဆုံးသွားသော အာဇာနည် တွေအတွက် သစ္စာစောင့်တည်ကြ" စာသားပါဘန်နာကိုစွဲကိုင်၍ ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် ချီတက် သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု ၄၅၄ ရက် မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ကြခြင်းဖြစ်သည်ဟု သိရသည်။