ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ၅၂၈ ရက်မြောက် ချီတက်ဆန္ဒပြ

ဇူလိုင်လ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရက်ပေါင်း ၅၂၈ ရက်မြောက်အဖြစ် ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဆက်လက်ချီတက်ဆန္ဒပြကြသည်။

“ အာဇာနည်တို့အရိုးဖြင့် ဖက်ဒရယ်အလံတော်ကို လွှင့်ထူကြ” စာတမ်းကိုကိုင်စွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးဆန္ဒပြခဲ့ကြသည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။