အာဇာနည်နေ့အထိမ်းအမှတ်ဖြင့် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ကျဆုံးသွားသည့်သူရဲကောင်းများအတွက် ဂုဏ်ပြု

ဇူလိုင်လ ၁၉ ရက်

ယနေ့ကျရောက်သည့် အာဇာနည်နေ့တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက် ရင်း ကျဆုံးသွားသည့် သူရဲကောင်းများအတွက် ဂုဏ်ယူအလေးနီပြုအစီအစဥ် တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ကရင်နီပြည်မှနေရာတစ်ခုတွင်ပြုလုပ်ခဲ့ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် MBPDF , KNDF , PKPDF, 1008 တပ်ရင်းနှင့် အင်း PDF တို့စုပေါင်း၍ အာဇာနည်ကုန်းတွင် အာဇာနည် သူရဲကောင်းများကို ဂုဏ်ပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းနားတွင် အာဇာနည်သူရဲကောင်းများကို အလေးပြုခြင်း၊ သူရဲကောင်းများအား ဂုဏ်ပြုသော အနေဖြင့် သေနတ်ဖောက်၊ ဥသြဆွဲ၊ လွမ်းသူပန်းခွေချခြင်းများပြုလုပ်ခဲ့သည်ဟု မိုးဗြဲ PDF တပ်ရင်း(၂) မှ ထုတ်ပြန်ထားသည်။

အခမ်းအနားသို့ မိဘပြည်သူ အများအပြားတက်ရောက်ခဲ့ပြီး ကျောင်းသားကျောင်းသူများက အာဇာနည် နေ့ပန်းချီပြိုင်ပွဲတွင် ရေးဆွဲသောပန်းချီများကို ပြသခဲ့သည်ဟုဆိုသည်။

နွေဦးတော်လှန်ရေးအာဇာနည်သူရဲကောင်းများအပါအဝင် လွန်ခဲ့သော(၇၅)နှစ်က လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့ကြသောသူရဲကောင်းများကိုဂုဏ်ပြုရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက် သည်အထိ စစ်အာဏာရှင်အမြှစ်ဖြုတ်ချေမှုန်းသွားမည်ဟု မိုးဗြဲ PDF တပ်ရင်း(၂) မှ ထုတ်ပြန်ထားသည်။