ဗကသများအဖွဲ့ချုပ်များ ပူးပေါင်း၍ အာဇာနည်နေ့အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ဇူလိုင်လ ၁၉ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ ဆားလင်းကြီးမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်း၍ ယနေ့ ဇူလိုင်လ ၁၉ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

(၇၅) နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် “လူမျိုးကြီးဝါဒတိုက်ဖျက်ကြ အာဇာနည်ဟာကိုးဦးမက” စာသားပါဘန်နာ ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး လှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် လမ်းမများပေါ်တွင် ပြုလုပ်ခဲ့ကြသည်။