ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ၅၂၇ ရက်မြောက် ဆန္ဒပြ

ဇူလိုင်လ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၂၇ မြောက်အဖြစ် ယနေ့ဇူလိုင် ၁၉ ရက်နေ့တွင်ဆက်လက် ဆန္ဒပြကြသည်။

ယနေ့ကျရောက်သော (၇၅) နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် ကျဆုံးသွားသော အာဇာနည်များအား အလေးပြုကြပြီး "အာဇာနည်တို့အရိုးဖြင့် ဖက်ဒရယ်အလံတော်ကို လွှင့်ထူကြ”စာတမ်းကို ကိုင်ဆွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေး ဆန္ဒပြကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။