“အာဇာနည်တို့အရိုးဖြင့် ဖက်ဒရယ်အလံကို လွှင့်ထူမည်” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

ဇူလိုင်လ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၉၅ ရက်မြောက်အဖြစ် ယနေ့ ဇွန်လိုင် ၁၉ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “အာဇာနည်တို့အရိုးဖြင့် ဖက်ဒရယ်အလံကို လွှင့်ထူမည်”စာတန်းကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော် သံများဟစ်ကြွေး ချီတက်ကာ အာဇာနည်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းများချ၍ အလေးပြုခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် မတ်လ ၉ ရက်၊ ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။