မြောင်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်များနှင့်ပြည်သူများစုပေါင်းပြီး ဆန္ဒထုတ်ဖော်

ဇူလိုင်လ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျေးရွာတစ်ရွာတွင် ပြည်ကြီးတံခွန်သပိတ်အင်အားစု ၊မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ​ဒေသခံပြည်သူများစုပေါင်းပြီး ယနေ့ဇူလိုင် ၁၉ ရက်တွင် အာဇာနည်နေ့ အထိမ်းအမှတ်ဖြင့် အာဇာ နည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေများဖြင့် အလေးပြု၍ စစ်အာဏာရှင်ကျရှုံးရေး ချီတတ်သပိတ်မှောက်ကြသည်။