လွတ်မြောက်နယ်မြေရှိ ကြားကာလပညာသင်ကြားရေးကျောင်းတွင် ၇၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်

ဇူလိုင်လ ၁၉ ရက်

ကချင်ပြည်နယ်၊ လွတ်မြောက်နယ်မြေရှိ ကြားကာလပညာသင်ကြားရေးကျောင်းတွင် ဇူလိုင် ၁၉ ရက်၊ ၂၀၂၂ တွင် ကျရောက်သော ၇၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို NUG ပညာ‌‌ရေးဝန်ကြီးဌာနလက်အောက်ရှိ ကြားကာလပညာသင်ကြားရေးတွင် ပညာသင်ကြားနေကြသော ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ဆရာမများ၊ ရပ်ရွာဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ကာ အလယ်တန်း၊ အထက်တန်းဆုရ စာစီစာကုံးဖတ်ကြားခြင်းများ၊ အာဇာနည်နေ့ အမှတ်တရ ကဗျာရွတ်ဆိုခြင်းများ၊ အာဇာနည်နေ့အကြောင်း ပြောကြားခြင်း၊ အာဇာနည်နေ့ ဂုဏ်ပြုသီချင်း သီဆိုခြင်းများနှင့် ကျဆုံးသွားသော အာဇာနည်များနှင့်အတူ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြသော အာဇာနည်များအား ၁၀နာရီ ၃၇မိနစ်တွင် ဥဩဆွဲ အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားပြုလုပ်နေချိန်တွင် အဆိုပါအနီးအနားတွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်သားများ တိုက်ပွဲပြင်းထန်နေချိန်ဖြစ်ပြီး အခမ်းအနား မဖြစ်ဖြစ်အောင် အခက်အခဲများကြားမှ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရသည်ဟု စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးက ဆိုသည်။

ထို ကြားကာလပညာသင်ကြားရေးကျောင်းတွင် ကျောင်းသား၊ကျောင်းသူ ၂၀၀ကျော်ပညာသင်ကြားနေပြီး KG မှ ဆယ်တန်းထိ သင်ကြားပေးနေသည်ဟု သိရသည်။