၇၅နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်းက ပြုလုပ်

ဇူလိုင်လ ၁၉ ရက်

ယနေ့ကျရောက်သော ၇၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား နယ်မြေအကျပ်အတည်းကြားမှ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အာဇာနည် ကိုးဦးနှင့်တကွ ခေတ်အဆက်ဆက်ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများ၊ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့သောအာဇာနည်သူရဲကောင်းများအား အလေးနီပြုခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း စသည့် အခမ်းအနားအစီအစဥ်များဖြင့် ပြုလုပ်ခဲ့ကြသည်။

သပိတ်စစ်ကြောင်းသို့ မုံရွာလူငယ်များအစည်းအရုံးမှ အဖွဲ့ဝင်တချို့လာရောက်ခဲ့ကြသည်။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီ