၇၅ ​​ကြိမ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြောင်း တမူး − PDF တပ်ရင်း (၂) က တောတွင်း သပိတ်ပြုလုပ်

ဇူလိုင် ၁၉

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားသော ၇၅ ​​ကြိမ်မြောက် ဇူလိုင် ၁၉ အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို တမူး − PDF တပ်ရင်း (၂) က တောတွင်း တစ်နေရာတွင် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

"အာဇာနည်မျိုး သေရိုးမရှိ" ဆိုသည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ မြန်မာ့နွေဦးတော်လှန်ရေး အာဇာနည်​အပေါင်းတို့သည်လည်း ကျွန်တော်တို့၏ ရင်ဝယ် အမြဲထာဝရ ရှင်သန်လျှက်ရှိပါသည်ဟု တမူး− PDF တပ်ရင်း (၂) က ထုတ်ပြန်ထားသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် လွတ်မြောက်နယ်မြေနှင့် မြို့ပြရှိ တော်လှန်ရေး အင်အားစု အသီးအသီးက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

Photos- တမူး − PDF တပ်ရင်း (၂)

#mizzima

#အာဇာနည်နေ့

#တမူး − PDF

#လွတ်မြောက်နယ်မြေ

#အာဇာနည်မျိုးသေရိုးမရှိ