"လှေခွက်ချည်းကျန်အလံမလှဲ" ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ဇူလိုင်လ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ယနေ့ ဇူလိုင်လ ၇ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါ သပိတ်စစ်ကြောင်းတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီဝင်များနှင့် မုံရွာလူငယ်များအစည်းရုံးအဖွဲ့ဝင်များ ပူးပေါင်းကာ ညောင်ပင်ကြီး -ဂန့်ဂေါ လမ်းမပေါ်တွင် စစ်အာဏာ ရှင် အမြစ်ဖြတ်ရေး သပိတ်ပြုလုပ်ကြခြင်းဖြစ် သည်။