ကနီမြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နှင့် နိုင်ငံရေး တရားဟောပြောပွဲပြုလုပ်

ဇူလိုင်လ ၁၄ ရက်

နွေဦးတော်လှန်ရေး သပိတ်အင်အားစု မှဦးဆောင်၍ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် ကနီမြို့နယ်စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နှင့် နိုင်ငံရေးတရား ဟောပြောပွဲကို ယနေ့ ဇူလိုင် ၁၄ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

သပိတ်အင်အားစုသည် “၅/ကနန လူထုသပိတ် ၊ သွေးစွန်းခဲ့ပြီ သွေးဆူဆူနဲ့ သွေးကြွေးပြန်ယူ ၊ သွေးအေးနေပြီလား ကနီနယ်ရဲ့ သွေးစွန်း ဇူလိုင် (၁)နှစ်ပြည့်ခဲ့ပြီ” စာသားများကို ကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ချီတတ် ဆန္ဒပြခဲ့ကြသည်။

သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် နိုင်ငံရေးတရားများ ဟောပြောခဲ့ကြပြီး သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခြင်း ၊ သပိတ်သို့ရောက်ရှိ လာကြသော ပြည်သူများမှ သိလိုသည်များကို ဆွေးနွေးမေးမြန်း၍ ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။