ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၄၃၈ရက်မြောက် ချီတက်ဆန္ဒပြ

ဇူလိုင်လ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် နယ်မြေတွင်း မတည်ငြိမ်မှုများကြားမှ ပြည်သူလူထုအင်အားများစွာဖြင့် ယနေ့ ဇူလိုင်လ ၁၃ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

ချီတက်ဆန္ဒပြရာတွင် “ လူထုတွေကြားမှာ တော်လှန်စိတ်တွေေ သွေးအေးမသွားဖို့ လူထုသပိတ်တွေဟာ အင်မတန်အရေးကြီးပါတယ်။ ရန်သူဟာ သူ့အာဏာတည်ဖို့ အချိန်တွေ၊ နေရာတွေ ရွေးမနေတဲ့အချိန်ဟာ ကျနော်တို့ ပြည်သူလူထုကလည်း ရတဲ့အချိန်၊ ရောက်တဲ့နေရာမှာ တော်လှန်နေဖို့လိုအပ်တယ်။ ဒါကြောင့် လူထုသပိတ်တွေကို လူထုအင်အားကောင်းကောင်းနဲ့ ဆက်လက်နင်းလျှောက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်” ဟု သပိတ်ခေါင်းဆောင်က ပြောသည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၃၈ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ကြခြင်း ဖြစ်သည်။