ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ၅၁၉ ရက် မြောက် ချီတက်ဆန္ဒပြ

ဇူလိုင်လ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ် ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၁၉ မြောက်အဖြစ် ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ဆက်လက် ဆန္ဒပြကြသည်။

“အဆုံးထိတော်လှန် ၅/တို့အားမာန်” စာတန်းကို ကိုင်ဆွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေး ဆန္ဒပြခဲ့ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။