ပါကစ္စတန် ဆင်းဒ်ပြည်နယ်ရှိ ဆေးရုံများတွင် ဝန်ဆောင်မှုဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်နေ

By Corruption Buzz
20 February 2022
ပါကစ္စတန် ဆင်းဒ်ပြည်နယ်ရှိ ဆေးရုံများတွင် ဝန်ဆောင်မှုဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်နေ

ပါကစ္စတန်နိုင်ငံ၏ ပြည်သူပိုင်ဌာနဆိုင်ရာအဖွဲ့အစည်းများသည် စိတ်ပျက်စရာ အခြေအနေတစ်ရပ်အောက်တွင် ရှိနေပြီး အဆိုပါဌာနများတွင် သက်ဆိုင်ရာ လုပ်ငန်းတာဝန်ကျွမ်းကျင်ပိုင်နိုင်မှု မရှိခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော ဝန်းကျင်တစ်ခု ရှိနေခြင်း၊ စီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုပေးအပ်မှုပိုင်းတွင် လုံလောက်မှု မရှိခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ဆင်းဒ်ပြည်နယ် လာကာနာမြို့ရှိ ကလေးဆေးရုံတစ်ခုတွင် ယင်း အခြေအနေများ ကြုံတွေ့နေရသည်ဟု ပါကစ္စတန်မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Naya Daur က ဖော်ပြသည်။

အထူးသဖြင့် ပါကစ္စတန်နိုင်ငံတွင် လက်ရှိအချိန်၌ လူသေဆုံးစေသော ကိုရိုနာဗိုင်းရပ်စ် ပဉ္စမလှိုင်းနှင့် ရင်ဆိုင်နေရစဉ် ဆင်းဒ်ပြည်နယ်အစိုးရက ဦးစားပေးအဖြစ် ထုတ်ဖော်သတ်မှတ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များမှာလည်း လုံးလုံးလျားလျား ချိုးဖောက်ခံရမှုများ ရှိနေခြင်းက စိုးရိမ်စရာကောင်းသည့် အချက်ဖြစ်နေသည်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ လိုက်နာသင့်သည့် စည်းမျဉ်းများကို ချိုးဖောက်နေသူများထဲတွင် ဆေးရုံအမှုထမ်းများ၊ ဆေးဘက်အကူများအပြင် လူနာများနှင့် လူနာစောင့်များ ပါဝင်နေသည်ဟု သိရသည်။

ဆေးရုံ၌ အခန်းတစ်ခန်းတည်းတွင် ဆရာဝန်သုံးဦးက လူနာများကို ကုသပြုစုပေးနေပြီး ထိုအခန်းတွင် သီးခြားအခန်းကန့်ပြီး ခွဲထားခြင်းလည်း မရှိသည့်အတွက် ယင်းက စီမံခန့်ခွဲမှု မှားယွင်းသည့် အခြေအနေကို ပြသလျက် ရှိသည်။

လူနာစမ်းသပ်ခန်းတွင်လည်း ဆူညံမှုများ ရှိနေပြီး လူနာများ၊ ၎င်းတို့၏ ကလေးများနှင့် ဧည့်သည်အချို့သည် ထိုလူနာစမ်းသပ်ခန်းတွင် စုပြုံဝင်ရောက် စကားပြောဆိုမှုများ ရှိနေကြောင်း သိရသည်။

“အသက်ကယ်ဆေးဝါးများ ပြတ်လပ်မှုကြောင့် ဆင်းဒ်ပြည်နယ်ရှိ ဆေးရုံများ နက်ရှိုင်းသော အကျပ်အတည်းအောက် ကျရောက်နေ” ဆိုသည့် ခေါင်းစဉ်ဖြင့် ခရေစေ့တွင်းကျ ရေးသားထားသည့် သတင်းတစ်ပုဒ်လည်း Medical News သတင်းဆိုဒ်တွင် မကြာသေးခင်က ဖော်ပြခဲ့ကြောင်း Naya Daur မဂ္ဂဇင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly