လောင်းလုံးမြို့နယ်တွင် အာဏာရှင်စနစ် ကျရှုံးရေး ဆန္ဒပြ

By ကိုရွှေမြိတ်
18 February 2022
လောင်းလုံးမြို့နယ်တွင် အာဏာရှင်စနစ် ကျရှုံးရေး ဆန္ဒပြ

ဖေဖော်ဝါရီ ၁၈

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းက အာဏာရှင်စနစ် ကျရှုံးရေး ချီတက် ဆန္ဒပြပွဲကိုလောင်းလုံး မြို့နယ်လုံးဆိုင်ရာ အခြေခံ ပညာကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ခဲ့ကြောင်း ဦးဆောင် လှုပ်ရှားသူများထံမှ သိရသည်။

"အာဏာရှင်စနစ် ကျရှုံးဖို့ ပြည်သူ အားလုံး စည်းလုံးစို့" စာသားပါ တံခွန် အလံ(ဘန်နာ) အား ကိုင်စွဲကာ ကြွေး‌ကြော်သံများဖြင့် ပြည်သူများကို တိုက်တွန်း နှိုးဆော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly