မုံရွာ-ချောင်းဦးလမ်းတွင် တိုက်ပွဲဖြစ်၊ စစ်ကူလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာ-ချောင်းဦးလမ်းတွင် တိုက်ပွဲဖြစ်၊ စစ်ကူလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
ဓာတ်ပုံ- ချောင်းဦး PDF

ဖေဖော်ဝါရီလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းတွင် ကင်းပုန်းဝတ်နေသည့် စစ်ကောင်စီတပ်များနှင့် ဖေဖော်ဝါရီလ ၁၅ ရက် မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့ပြီး စစ်ကူလာသည့် စစ်ကောင်စီတပ်အား ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ထိခိုက် ဒဏ်ရာရမှု အသေးစိတ် မသိရသေးကြောင်း ဆိုသည်။

"ကျွန်တော်တို့နဲ့ သူတို့ကင်းပုန်း ဝတ်နေတဲ့အချိန် ထိပ်တိုက် တွေ့သွားတာပေါ့။ ကျွန်တော်တို့ကတော့ ပစ်ပြီးတာနဲ့ ပြန်ဆုတ်ခွာတာ ခဏဘဲကြာတယ်။ ဒီကောင်တွေကတော့ တောက်လျှောက်ကို ပြန်ပစ်တာ" ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်၊ မုံရွာ-အမြင့်လမ်းပိုင်း ကံကြီးကုန်းကျေးရွာမှ ထွက်လာသော ပျူစောထီး လက်နက်ကိုင်များအား  ဒေသ ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required