ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၌ အနိမ့်ဆုံး လုပ်ခလစာ အကောင်အထည်ဖော်ရန် အစိုးရကို တောင်းဆို

By Siasat
14 February 2022
ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၌ အနိမ့်ဆုံး လုပ်ခလစာ အကောင်အထည်ဖော်ရန် အစိုးရကို တောင်းဆို

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်ရှိ စက်မှုလုပ်ငန်းများနှင့် အဖွဲ့အစည်းများသည် အလုပ်သမားများအား အနိမ့်ဆုံးလုပ်ခလစာ ရူပီး ၂၁,၀၀၀ ကို ပေးချေခြင်း မရှိသည့်အပေါ် ပြင်းထန်စွာ အရေးယူပေးရေးအတွက် အလုပ်သမားအစည်းအရုံးက ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရကို တောင်းဆိုခဲ့သည်။

မွတ်တားဟီဒါ အလုပ်သမား ဖက်ဒရေးရှင်း (MLF) ၏ ပြည်နယ်ဆိုင်ရာ ဥက္ကဋ္ဌ မိုဟာမက် အစ်ခ်ဘဲလ်သည် ဖေဖေါ်ဝါရီ ၃ ရက်က မာဒန်မြို့ရှိ Premier Sugar Mills သကြားစက်ရုံ၌ အစည်းအဝေးတစ်ခုကို ကြီးမှူးကျင်းပစဉ် အထက်ပါကိစ္စကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်ဟု Dawn သတင်းစာက ဖော်ပြသည်။ အစည်းအဝေး တက်ရောက်လာကြသူများက ၎င်းတို့ ကြုံတွေ့နေရသည့် ပြဿနာများနှင့် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများနှင့်ပတ်သက်ပြီး ထင်မြင်ချက်များကို ဆွေးနွေးခဲ့ကြသည်ဟု အဆိုပါ သတင်းစာက ဖော်ပြသည်။

မရှိမဖြစ် လိုအပ်သည့် အခြေခံကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေမှုကြောင့် အလုပ်သမားများအနေဖြင့် ၎င်းတို့၏ အသုံးစရိတ်ကုန်ကျငွေများကို စီမံခန့်ခွဲရန် ခက်ခဲလာနေကြောင်း အစည်းအဝေးတွင် အစ်ခ်ဘဲလ်က ပြောခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

အလုပ်သမား သက်သာချောင်ချိရေး ရန်ပုံငွေ စည်းမျဥ်းအောက် ၂ ရာခိုင်နှုန်း နှင့် အလုပ်သမား ပါ၀င်မှု အက်ဥပဒေအောက် ၅ ရာခိုင်နှုန်း အထောက်အထားများဖြင့် ၎င်းတို့၏ အထောက်အပံ့များနှင့် အခွင့်အရေးများ ကို သတ်မှတ်ခြင်းသည် တရားမျှတမှု မရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။

ယင်း အပိုင်းနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ အင်စတီကျူးရှင်းများ စည်းမျဉ်းစည်းကမ်း လိုက်နာစေရေး လုပ်ဆောင်ရန်မှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း အစ်ခ်ဘဲလ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly