ပါကစ္စတန်၏ ထင်ရှားသည့် ဆစ်ခ်အင်ပါယာ စစ်သေနာပတိ ရုပ်တု ဖယ်ရှားခံရမှုအပေါ် ဆန့်ကျင် ဆန္ဒပြ

ပါကစ္စတန်၏ ထင်ရှားသည့် ဆစ်ခ်အင်ပါယာ စစ်သေနာပတိ ရုပ်တု ဖယ်ရှားခံရမှုအပေါ် ဆန့်ကျင် ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဟာရီပူရ် ခရိုင်တွင် ဒေသအာဏာပိုင်တို့က ဆစ်ခ် အင်ပါယာ၏ စစ်သေနာပတိ ဖြစ်ခဲ့သည့် ဟာရီ ဆင်းဂ် နယ်လ်ဝါ၏ ရုပ်တုကို ဖယ်ရှားခဲ့မှုက ဆစ်ခ် အသိုင်းအဝိုင်း၏ စိတ်ပိုင်းနှင့် ဘာသာရေးဆိုင်ရာ တန်ဖိုးများအပေါ် ထိခိုက်စေခဲ့ကြောင်း Pakistan Today က ဖော်ပြသည်။

ပန်ဂျပ်ပြည်၏ အအောင်မြင်ဆုံး အုပ်ချုပ်သူခေါင်းဆောင်ဖြစ်ခဲ့သည့် ရာဂျစ် ဆင်းဂ်၏ အမည်ကို အစွဲပြု ပေးထားသည့် ရင်ပြင်တွင် အဆိုပါ ရုပ်တုကို ၂၀၁၇ ခုနှစ်က ထူထောင်ခဲ့ခြင်း ဖြစ်သည်။

ဆစ်ခ် Khalsa စစ်တပ်၏ စစ်သေနာပတိဖြစ်ခဲ့သည့် ဟာရီ ဆင်းဂ် နယ်လ်ဝါသည် ရာဂျစ် ဆင်းဂ်၏ အင်ပါယာ ထူထောင်မှုနှင့် ယင်း၏ အောင်ပွဲများတွင် အဓိကနေရာတစ်နေရာကနေ ပါဝင်ခဲ့သူ ဖြစ်သည်။

သူသည် အဓိကကျသည့် သမိုင်းဝင်စစ်ပွဲ ၂၀ ထက်မနည်းတွင်လည်း ကွပ်ကဲခြင်း သို့မဟုတ် ကိုယ်တိုင်ပါဝင်ခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့သည်။

ထို စစ်ပွဲများအနက် အရေးပါဆုံး စစ်ပွဲများမှာ ဟာရီ ဆင်းဂ် နယ်လ်ဝါ ကွပ်ကဲ အနိုင်ရခဲ့သည့် ကက်ဆာ၊ ဆီယယ်လ်ကော့တ်၊ အက်တော့ခ်၊ မူလ်တန်၊ ကက်ရှ်မီးယား၊ ပက်ရှာဝါ နှင့် ဂျက်ရုဒ် စစ်ပွဲများဖြစ်ကြောင်း Pakistan Today က ဖော်ပြသည်။

ရုပ်တု ထားရှိခဲ့စဉ်က ဘာသာရေးဆိုင်ရာ ခရီးသွားလာမှုနှင့် သည်းခံနိုင်မှုတို့ကို အားပေးသည် ဆိုသည့် ယုံတမ်းစကားများ ထွက်ပေါ်ခဲ့သည်။ သို့သော် ယခုအခါ ယင်းရုပ်တုကို ဖြိုဖျက်ခြင်းက လူ့အဖွဲ့အစည်းအတွက် နားလည်ရခက်သည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly