ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်နှင့်အတူ ပုလော PDF တပ်ဖွဲ့ စစ်သင်တန်း ဆင်းပွဲ ပြုလုပ်

14 February 2022
ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်နှင့်အတူ ပုလော PDF တပ်ဖွဲ့ စစ်သင်တန်း ဆင်းပွဲ ပြုလုပ်

ပုလော၊ ဖေဖော်ဝါရီ၊ ၁၄

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ် မွေးနေ့ အထိမ်းအမှတ်နှင့်အတူ ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်မတော်မှ စစ်သင်တန်း ဆင်းပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း PPDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ သင်တန်း ဆင်းပွဲတွင် အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တနင်္သာရီစစ်ဒေသခွဲ ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (T2 ဇုံ)၏ အပတ်စဉ် (၄) အခြေခံ စစ်သင်တန်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ထံမှ သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly