ဘန်ကောက်က ဟိန္ဒူဘုရားကျောင်း၌ ဗယ်လင်တိုင်းဒေးတွင် ချစ်သူတွေ့ရေးအတွက် ဝတ်ပြုဆုတောင်း 

ဘန်ကောက်က ဟိန္ဒူဘုရားကျောင်း၌ ဗယ်လင်တိုင်းဒေးတွင် ချစ်သူတွေ့ရေးအတွက် ဝတ်ပြုဆုတောင်း 

ဖေဖော်ဝါရီ ၁၄

တန်ခိုးကြီးသော ဟိန္ဒူနတ်ဘုရားများဖြစ်ကြသည့် လောကကို ဖန်းဆင်းသူ ဗြဟ္မာ၊ လောကကို ထိန်းသိမ်းစောင့်ရှောက်သူ ဗိဿနိုးနှင့် လောကကို ဖျက်ဆီးပြီး လောကအသစ် ထပ်မံ ဖန်ဆင်းသူ သီဝ နတ်ဘုရားများ ကိန်းဝပ်တည်ရှိရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Trimurti ဟိန္ဒူဘုရားကျောင်းသို့ ကြာသပတေးနေ့တိုင်း ည ၉ နာရီခွဲမှ ၁၀ နာရီအထိ ချစ်သူများ လာရောက်ကြကာ ဆုတောင်းမှုများ ပြုကြသည်။ 

အဆိုပါ ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းသူများက တနင်္လာနေ့တွင် ကျရောက်သည့် ဗယ်လင်တိုင်းဒေး ချစ်သူများနေ့၌ အချစ် တွေ့ရှိရေးအတွက် ကြာသပတေးနေ့တွင် လာရောက်ဆုတောင်းမှုများ ပြုကြခြင်းဖြင့် လူစည်ကားနေခဲ့သည်။ 

မြို့၏ စည်ကားရာအရပ်တွင် ရှိသော ယခု ဘုရားကျောင်းသို့ ချစ်ဒုက္ခရောက်နေသော တစ်ကိုယ်ရည်သမားများသည် တစ်ခါတစ်ရံ အနီရောင် ဆင်းမြန်းရင်း ကြာသပတေးနေ့တိုင်း လာရောက်ကြ၍ ချစ်သူအဖော်တွေ့ရေး မျှော်လင့်ချက်ဖြင့် အနီရောင် နှင်းဆီပန်းများ ဆပ်ကပ်လှူဒါန်းကာ ဆုတောင်းကြခြင်းဖြစ်သည်။ 

ထို ဘုရားကျောင်းသို့ လာရောက်ဆုတောင်းသူများသည် ဆုတောင်းပြည့်တတ်ကြောင်းလည်း ပါးစပ်ပြောများအရလည်း သိရသည်။ 

ယခု ကြာသပတေးနေ့တွင်လည်း ဘုရားကျောင်း၌ လူစည်ကားပြီး ၎င်းတို့၏ အလှည့်ရောက်ရေးအတွက် တန်းစီစောင့်ဆိုင်းရမှုများ ရှိခဲ့သည်။ 

COVID-19 ကပ်‌ဘေး မဖြစ်ပွားမီက နှစ်စဉ် ချစ်သူများနေ့တိုင်း၌ နှင်းဆီနီများ ဆပ်ကပ်ကာ လာရောက်ဆုတောင်းကြသူများဖြင့် ဘုရားကျောင်းသည် ကြက်ပျံမကျ စည်ကားခဲ့ခြင်း ဖြစ်သည်။ လာရောက်ကြသူ အများစုမှာ ငယ်ရွယ်သည့် မိန်းကလေးများ အများစုဖြစ်ကြပြီး ပဆစ်တုတ်ထိုင်ကာ အမွှေးတိုင် ကိုင်ရင်း မျက်စိမှိတ်ကာ ဝတ်ပြုဆုတောင်းကြခြင်း ဖြစ်သည်။ 

အဆိုပါ ဟိန္ဒူဘုရားကျောင်း Trimurti တွင် လောကကို ဖန်းဆင်းသူ ဗြဟ္မာ၊ လောကကို ထိန်းသိမ်းစောင့်ရှောက်သူ ဗိဿနိုးနှင့် လောကကို ဖျက်ဆီးပြီး လောကအသစ် ထပ်မံ ဖန်ဆင်းသူ သီဝ နတ်ဘုရားများ ကိန်းဝပ်တည်ရှိခြင်း ဖြစ်သည်။ 

ယခု ဘုရားကျောင်းအား ၁၉၈၉ ခုနှစ်တွင် စတင် တည်ဆောက်ထားခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly