လောင်းလုံးတွင် “ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ” နှိုးဆော် ဆန္ဒပြ

လောင်းလုံးတွင် “ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ” နှိုးဆော် ဆန္ဒပြ

ဖေဖော်ဝါရီ ၁၃

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ပြီး ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

ချီတက် ဆန္ဒပြရာတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် “ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ” ဆိုသည့် ဘန်နာ ကိုင်စွဲကာ လမ်းပေါ်တက်ပြီး စစ်အာဏာရှင် သပိတ်မှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly