သမ္မတ ရှီကျင့်ဖျင်က အိုလံပစ်ပွဲတော်ဖြင့် ပြည်တွင်း၊ ပြည်ပတွင် အင်အား တည်ဆောက်ရန် ရည်ရွယ်

သမ္မတ ရှီကျင့်ဖျင်က အိုလံပစ်ပွဲတော်ဖြင့် ပြည်တွင်း၊ ပြည်ပတွင် အင်အား တည်ဆောက်ရန် ရည်ရွယ်

တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ပြည်တွင်းနှင့် ကမ္ဘာ့နိုင်ငံများတွင် ၎င်း၏ အင်အားကို တိုးချဲ့တည်ဆောက်ရန် ရည်ရွယ်ထားသောကြောင့် ၂၀၂၂ခုနှစ် ဆောင်းရာသီ အိုလံပစ်ပွဲတော်သည် သူ့အတွက် အဓိက သော့ချက်ဖြစ်လာ မည်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အနောက်နိုင်ငံများမှ ပြစ်တင်ရှုတ်ချမှုများရှိနေသော်လည်း ရှီသည် နှစ်သစ်ကူးအစ တွင် သူအလွန်ဖြစ်ချင်သည့် ပေကျင်းမြို့တွင် ဆောင်းရာသီအိုလံပစ်ပွဲတော်ကို ကျင်းပခဲ့သည်။ ယူကရိန်းနှင့် တင်းမာမှုများ ဆက်ဖြစ်နေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို လက်ခံ တွေ့ဆုံခဲ့သည်။

၂၀၂၂ခုနှစ်မကုန်မီတွင် တရုတ်ကွန်မြူနစ်ပါတီအကြီးအကဲနှင့် တိုင်းပြည်ခေါင်းဆောင်အဖြစ် တတိယ သက်တမ်း သို့မဟုတ် ကန့်သတ်မဲ့သက်တမ်းရယူကာ ရှီသည် ပုဂ္ဂိုလ်ရေး အောင်မြင်မှုကို ရရှိနိုင်ဖွယ်ရှိနေသည်ဟု Hong Kong post က ဖော်ပြခဲ့သည်။

လက်ရှိတွင် အောင်မြင်မှု အများအပြားရရှိခဲ့သော်လည်း ရှီသည် ပေကျင်းအိုလံပစ်ကို အမေရိကန်ဦးဆောင်သော အင်အားကြီးအုပ်စုမှ သပိတ်မှောက်ခဲ့သည်ဟူသော ခါးသီးသောအချက်ကို ရှီက ဝန်ခံရလိမ့်မည်ဖြစ်ကြောင်း Hong Kong post သတင်းတွင် ဖော်ပြခဲ့သည်။

၂၀၂၀ပြည့်နှစ် ဇွန်လတွင် ဖြစ်ပွားသော ဂယ်လ်ဝမ်တိုက်ပွဲတွင် အိန္ဒိယစစ်သား များနှင့် တိုက်ပွဲတွင်ပါဝင်ခဲ့သည့် တရုတ်စစ်သားတစ်ဦးကို တရုတ်က အိုလံပစ်မီးရှူးတိုင် သယ်ဆောင်ခွင့် ပြုခဲ့ခြင်းကြောင့် အားကစားပွဲတော်ကို သပိတ်မှောက်ရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်သည် ရှီကို စိတ်အနှောက် အယှက်ဖြစ်စေမည်ဟု အဆိုပါ သတင်းတွင် ရေးသားထားသည်။

သမ္မတ ရှီကျင့်ဖျင်သည် ၎င်း၏ ပါဝါကို ပိုမိုချဲ့ထွင်ရန် အားကစားပွဲများကို မည်သို့ အသုံးချမည် ကို ကမ္ဘာက စောင့်ကြည့်နေကြောင်း သတင်းတွင် ရေးသားထားသည်။

ရုရှားနှင့် အမေရိကန်တို့က ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်တွေ့နေကြချိန်တွင် တရုတ်-ရုရှား ဆက်ဆံရေးကို အားကောင်းအောင် ပြုခြင်းဖြင့် ရုရှားသမ္မတပူတင်အား မည်သို့ဆက်လုပ်ကြမည်ကို အဆိုပြုခြင်းဖြင့် ရွေးချယ်စရာနည်းပါးလှသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly