PDF များဝန်းရံမှုဖြင့် မြိုင်မြို့နယ် အခြေခံပညာ သပိတ်ကော်မတီကဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

PDF များဝန်းရံမှုဖြင့် မြိုင်မြို့နယ် အခြေခံပညာ သပိတ်ကော်မတီကဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ဖေဖော်ဝါရီ ၁၃

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFများ၏ ကာကွယ်စောင့်ရှောက်မှုဖြင့် မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင်ချေမှုန်းရေး၊ လူမျိုးကြီးဝါဒဟူသမျှ တိုက်ဖျက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ပိုစတာများကိုင်စွဲကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

ယမန်နေ့က မြိုင်မြို့နယ်တွင် အင်တာနက်လိုင်းများ

ပြတ်တောက်နေခြင်းကြောင့် ယနေ့မှသာ ဆန္ဒပြဓာတ်ပုံများကို မဇ္စျိမသို့ပေးပို့ နိုင်ခြင်းဖြစ်သည်။

Photo - BEGSC - Myaing

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required