ပုသိမ်အကျဉ်းထောင်မှ လွတ်ရက်စေ့တော့မည့် အကျဉ်းသား ၇ ဦးကိုလွှတ်ပေး

ပုသိမ်အကျဉ်းထောင်မှ လွတ်ရက်စေ့တော့မည့် အကျဉ်းသား ၇ ဦးကိုလွှတ်ပေး

ဖေဖော်ဝါရီလ ၁၂ ရက်

ဧရာဝတီတိုင်း၊ ပုသိမ် အကျဉ်းထောင်မှ လွတ်ရက်စေ့တော့မည့် အကျဉ်းသား ခုနှစ်ဦးကို ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် နေ့လည် ၁၂ ကျော်ခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ထောင်ဝန်ထမ်းထံက သိရသည်။

လွတ်မြောက်လာသူ ခုနှစ်ဦးသည် မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှု၊ လိမ်လည်မှုတို့ဖြင့် အကျဉ်းကျ ခံထားရသူများ ဖြစ်ပြီး ပြစ်ဒဏ်ကာလ  သုံးလခန့်သာ ကျန်ရှိသူများ ဖြစ်ကြောင်း ၎င်းကဆိုသည်။

"ပြန်လွှတ်တဲ့ ခုနှစ်ယောက်လုံး အမျိုးသားတွေပါ၊ ပုသိမ်ထောင်က သုံးယောက်နဲ့ ချောင်းသာလမ်းမှာရှိတဲ့ ၁၂ မိုင် သစ်တိုပင် ရဲဘက်စခန်းကို ပို့ထားတဲ့ လေးယောက်ကို လွှတ်ပေးတာပါ၊ သစ်တိုပင် ရဲဘက်စခန်းက လေး ယောက်ထဲမှာ တပ်ပြေး တစ်ယောက်ပါပါတယ်" ဟု ထောင်ဝန်ထမ်းက ပြောသည်။

စစ်ကောင်စီက ပြန်လွှတ်ပေးသည့် အကျဉ်းသားများတွင် မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်း မရှိခဲ့သော်လည်း ယနေ့ မနက်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသား မိသားစုဝင် အချို့ ပုသိမ်ထောင်ရှေ့တွင် လာရောက် စောင့်ဆိုင်းနေကြောင်း ထောင်အနီး နေထိုင်သူက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly