ပါကစ္စတန် တာလီဘန်အဖွဲ့က အစိုးရအတွက် ပိုမိုခြိမ်းခြောက်မှု ဖြစ်လာ

ပါကစ္စတန် တာလီဘန်အဖွဲ့က အစိုးရအတွက် ပိုမိုခြိမ်းခြောက်မှု ဖြစ်လာ

အာဖဂန်နစ္စတန်နိုင်ငံတွင် ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ပါကစ္စတန်တွင် Tehreek-e-Taliban (TTP) ဟု သိကြသည့် ပါကစ္စတန်တာလီဘန်အဖွဲ့က ပိုမို ကြမ်းကြုတ်ရက်စက်စွာဖြင့် ခေါင်းထောင်လာသည်။

၂၀၂၁ ခုနှစ်တွင် TTP အဖွဲ့သည် ပါကစ္စတန်အာဏာပိုင်တို့အပေါ် ဆန့်ကျင်တိုက်ခိုက်မှုကို အရှိန်မြှင့်တင် လုပ်ဆောင်ခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင်း အခြေစိုက်နေရာများကနေတဆင့် လှုပ်ရှားနေသလို ပါကစ္စတန်နိုင်ငံတွင်း၌လည်း ခြေကုပ်ယူခြင်းကို ပိုမိုတိုးချဲ့လာနေသည့် TTP အဖွဲ့သည် အမေရိကန် ငြိမ်းချမ်းရေးဌာနက မှတ်ချက်ပြုထားခဲ့သည့်အတိုင်း ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များနှင့် အရေးကြီးသော တရုတ်အကျိုးစီးပွားတချို့အပေါ် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

အာဖဂန်နစ္စတန်မှ အမေရိကန် ထွက်ခွာမှုနှင့် တာလီဘန်တို့ အာဏာပြန်ရမှုက ပါကစ္စတန်အပေါ် TTP ၏ ခြိမ်းခြောက်မှုကို ကန့်သတ်ထိန်းချုပ်နိုင်လိမ့်မည်ဟု ပါကစ္စတန်အရာရှိများက မကြာခဏ အရိပ်အမြွက် ပြောဆိုခဲ့သည်။

သို့သော် အာဖဂန်၌ တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း TTP သည် ယခင်ကထက်ပင် ပိုမို အားကောင်းလာနေပုံ ပေါ်နေသည်။

တာလီဘန်တို့ ဩဂုတ်လက အာဏာပြန်ရပြီးနောက် TTP နှင့် အာဖဂန်တာလီဘန်အကြား ဆက်ဆံရေး နက်ရှိုင်းမှုအတိုင်းအတာက သိသာပေါ်လွင်လာခဲ့ကြောင်း အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျူ့က ပြောသည်။

တာလီဘန်ခေါင်းဆောင်ပိုင်းသည် ချက်ချင်းဆိုသလိုပင် အာဖဂန်နစ္စတန်၌ ယခင်အစိုးရဟောင်း အကျဉ်းချထားခဲ့သည့် TTP အကြီးတန်းခေါင်းဆောင်များနှင့် တိုက်ခိုက်ရေးသမားအများအပြားကို ပြန်လွှတ် ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly