အိုလံပစ်ပွဲတော်အတွင်း လွတ်လပ်စွာပြောဆိုခွင့်နှင့် ပတ်သက်၍ တရုတ်၏သတိပေးချက်က ရမ်းကားစွာ အာဏာပြနိုင်ရန် မိုက်ရူးရဲဆန်ဆန် လုပ်ဆောင်ခြင်းဖြစ်နေ

အိုလံပစ်ပွဲတော်အတွင်း လွတ်လပ်စွာပြောဆိုခွင့်နှင့် ပတ်သက်၍ တရုတ်၏သတိပေးချက်က ရမ်းကားစွာ အာဏာပြနိုင်ရန် မိုက်ရူးရဲဆန်ဆန် လုပ်ဆောင်ခြင်းဖြစ်နေ

တရုတ်နိုင်ငံ၏ ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်သည် ၂၀၀၈ ခုနှစ် နွေရာသီအိုလံပစ်ပွဲတော် အချိန်ကနှင့်မတူပေ။ ထိုစဉ်က အာဏာပိုင်များသည် ဒေသခံများအပေါ် ပြင်းထန်သော ကန့်သတ်ချက်များ မချမှတ်ခဲ့သလို တရုတ်ကို ဆန့်ကျင်ပြောဆိုခြင်းနှင့်ပတ်သက်၍လည်း လာရောက်သော အားကစားသမားများကို သတိပေးခြင်းလည်းမရှိခဲ့ပေ။

ယခုအကြိမ်တွင် အခြေအနေများစွာပြောင်းလဲသွားခဲ့ပြီး တရုတ်နိုင်ငံ၏ ဥပဒေနှင့် ဆန့်ကျင် ပြောဆိုခြင်းမပြုရန် အားကစားသများအား သတိပေးခဲ့ပြီး အိုလံပစ်ပွဲတော်အတွင်း ဆန္ဒပြမှုများ လုပ်ဆောင်လိမ့်မည်ဟု ယုံကြည်ရသော ပြည်တွင်းတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့သည်ဟု Nikkei Asia ကဖော်ပြခဲ့သည်။ ဇန်နဝါရီလတွင် အားကစားပွဲကျင်းပရေးကော်မတီမှယန်ရှုက အိုလံပစ်စိတ်ဓာတ်ကို ဆန့်ကျင်သည့် မည်သည့်အပြုအမူ သို့မဟုတ် စကားပြောဆိုမှုမျိုးကိုမဆို အထူးသဖြင့် တရုတ်ဥပဒေနှင့် စည်းမျဉ်းများကို ဆန့်ကျင်ပါက ပြစ်ဒဏ်အချို့ ချမှတ်ခံရမည်ဟု သတိပေးထားသည်။

နွေရာသီအားကစားပြိုင်ပွဲများမှ ဆောင်းရာသီအားကစားပြိုင်ပွဲအထိ ၁၀စုနှစ်အကျော်ကြာချိန်တွင် တရုတ်နိုင်ငံ၏ ကြီးထွားလာသောအာဏာကို ပြသရန် ဆန္ဒရှိနေကြောင်း Nikkei Asia ၌ ရေးသားထားသည်။

၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်သည် တရုတ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများနှင့် အခြားဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအကြားတွင် ဖွင့်လှစ်တော့မ ည်ဖြစ်ကြောင်း ကမ္ဘာတဝှမ်းက အစိုးရမဟုတ်သော အဖွဲ့အစည်း ၂၄၃ ဖွဲ့က ဖေဖော်ဝါရီ ၄ ရက်က ပူးတွဲ ထုတ်ပြန်ခဲ့သည်။

ထိုအဖွဲ့များက အားကစားပွဲအား သံတမန်ရေးအရ သပိတ်မှောက်ရန် အစိုးရများအား တိုက်တွန်း ထားသလို အားကစားသမားများနှင့် စပွန်ဆာများ အနေဖြင့် တရုတ်အစိုးရ၏ ညှင်းပန်းနှိပ်စက်မှုများကို တရားဝင်ဖြစ်အောင် မလုပ်ဆောင်ကြရန် လူ့အခွင့်အရေးအဖွဲ့ (HRW) မှ ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly