ကျိုက်ထိုမြို့နယ် ဘိုရားကြီးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရ

ကျိုက်ထိုမြို့နယ် ဘိုရားကြီးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရ

ဖေဖော်ဝါရီ ၉

ကျိုက်ထိုမြို့နယ်၊ ဘိုရားကြီးကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်ထွန်းကို ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း Kyaikhto Revolution Force အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ကော့ထင်းရွာနှင့် ဘိုရားကြီးရွာကြားရှိ ကော့ထင်းသင်္ချိုင်းအနီးတွင် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကား ကိုးစီးဖြင့် လှည့်လည် စစ်ဆေးခဲ့ပြီး ဦးခင်ထွန်းကိုလည်း ဆိုင်ကယ်မှောက်၍ သေဆုံးကြောင်း သတင်း လွှင့်ထားသည်ဟု ဆိုသည်။

"သူ့ကို ကျွန်တော်တို့ ချောင်းနေတာကြာပြီ။ အခွင့်မသာလို့ မလုပ်ရတာ။ ရွာတွေဘက်ကို စစ်ကားတွေ ဆင်းရင် သူပိုင် ကြက်ခြံမှာ နားတယ်။ ထမင်းဟင်းတွေ ကျွေးတယ်။ လောင်းကစားဝိုင်းတွေလည်း ပိုက်ဆံယူပြီး လုပ်တယ်။ မနေ့က သူနဲ့အတူ အမျိုးသမီး တစ်ယောက်နဲ့ ကလေးတစ်ယောက်တော့ ပါတယ်။ သူ့ကိုပဲ ထိအောင်ပစ်ခဲ့တာ “ ဟု Kyaikhto Revolution Force အဖွဲ့ဝင်က ပြောသည်။

၎င်းစီးလာသော ဆိုင်ကယ်မှာ လဲသွားပြီး အတူပါလာသော အမျိုးသမီးနှင့် ကလေးငယ်တို့ ပွန်းပဲ့ရုံသာ ဒဏ်ရာ ရရှိနိုင်ကြောင်းလည်း အဆိုပါအဖွဲ့ဝင်က ပြောသည်။

"သူ့မှာ အတို တစ်လက်လည်းပါတယ်၊ ခါးကြားထိုးထားတာ မယူလိုက်ရဘူး။ စစ်ကောင်စီက လာတော့ ပြန်သိမ်းသွားတယ်" ဟု Kyaikhto Revolution Force အဖွဲ့ဝင်က ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်နှင့် အင်္ဂဘိုရွာ ကြား၌ စစ်ကောင်စီယာဥ်တန်း ၁၁ စီး ယနေ့ ဖေဖော်ဝါရီလ နံနက်ပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက် ခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required