စစ်တပ်နှင့်ပေါင်း နောက်ယောင်ခံလိုက်သူ တစ်ဦးကို သတ်ခဲ့ဟု အင်းတော်ပြောက်ကျား တပ်ဖွဲ့ဆို

စစ်တပ်နှင့်ပေါင်း နောက်ယောင်ခံလိုက်သူ တစ်ဦးကို သတ်ခဲ့ဟု အင်းတော်ပြောက်ကျား တပ်ဖွဲ့ဆို

ဖေဖော်ဝါရီ ၈

အင်းတော်မြို့နယ်၊ မော်လူးမြို့တွင် ဦးထိုက်ကို ဆိုသူကို ဖေဖော်ဝါရီလ ၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် ၎င်း၏ နေအိမ်၌ ပစ်သတ်ခဲ့သည်ဟု အင်းတော် တော်လှန်ရေး ပြောက်ကျား တပ်ဖွဲ့ (Indaw Revolution IR) ၏ တာဝန်ရှိသူက ဆိုသည်။

"သူက မြေပြင် လှုပ်ရှားနေတဲ့ သူတွေကို နောက်ယောင်ခံ လိုက်နေတာ။ ရဲတွေ စစ်သားတွေ နဲ့လည်း ပေါင်းတယ်။ သူ့အိမ်မှာပဲ သေနတ်နဲ့ ရှစ်ချက်ပစ်သတ်ခဲ့တယ်" ဟု ၎င်းက ဆိုသည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဦးထိုက်ကိုသည် ပစ်ခတ်မှုကြောင့် နေအိမ်၌ပင် သေဆုံးခဲ့သည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း သပိတ်ကျင်းမြို့မှ မိုးညှင်းမြို့သို့ တက်လာသော အစီး ၃၀ ပါ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းသည် အင်းတော်-မဲဇာကြားနှင့် အင်းတော်-မော်လူးကြားတို့တွင် ကြားဖြတ်၍ သုံးကြိမ် တိုက်ခိုက် ခံခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly