လောင်းလုံးမြို့နယ်တွင် အမျိုးသမီးများ ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

By ကိုရွှေမြိတ်
08 February 2022
လောင်းလုံးမြို့နယ်တွင် အမျိုးသမီးများ ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ဖေဖော်ဝါရီ ၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာ တစ်ရွာ၌ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသမီးများ ဦးဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒဖော်ထုတ်ကြသည်။

နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှုဖြစ်သည့် အမျိုးသမီးများ ဦးဆောင် ဆန္ဒထုတ်ဖော်မှုတွင် "အာဏာရှင်ကို အမြစ်ဖြတ် နိုင်ငံသစ်က အနာဂတ်" ဆိုသည့် ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly