ပုသိမ်မြို့ ဆေးရုံဝင်းအတွင်း မီးလောင်မှုဖြစ်ပွား

ပုသိမ်မြို့ ဆေးရုံဝင်းအတွင်း မီးလောင်မှုဖြစ်ပွား

ဖေဖော်ဝါရီလ ၆ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မင်းကြီးလမ်းပေါ်ရှိ ပုသိမ်ဆေးရုံဝင်းအတွင်း ယနေ့ ဖေဖော်ဝါရီလ ၆ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ပုသိမ်ဆေးရုံဝင်းအတွင်းရှိ ရေတင်စက်မှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်‌ကြောင်း၊ မီးလောင်ကျွမ်းမှုမှာ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း ဆေးရုံဝင်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။ 

" မီးစလောင်ပြီး မီးသတ်က အချိန်မီ ရောက်မလာတော့ မီးညွန့်က မနည်းတက်သွားတယ်။ မီးညွန့်တက်နေတော့ ပတ်ဝန်းကျင်ကလူတွေထွက်ပြီး မီးသတ်လိုက်တာ မီးငြိမ်းသွားပါပြီ။ မီးလောင်ချိန်ကတော့ မိနစ် ၂၀  ၊  ၃၀ လောက်ကြာပါတယ် " ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် မီးသတ်ကား သုံးစီးရောက်ရှိလာကာ မီးဆက်လက်ငြိမ်းသတ်နေသည်ဟု သိရပြီး မီးလောင်ကျွမ်းမှုကြောင့် ဆေးရုံးဝင်းအတွင်းရှိ  ရေတင်စက်နှင့် ရေတင်စက် ဂိုထောင် တစ်ခုလုံး ပျက်စီးသွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required