ပြင်သာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီး အပါအဝင် ၁၂ ဦးသေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၇ ဦးကျဆုံး   

ပြင်သာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီး အပါအဝင် ၁၂ ဦးသေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၇ ဦးကျဆုံး   

ဖေဖော်ဝါရီလ ၅ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပြင်သာကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် ကျဆုံးမှုများရှိကြောင်း ကလေး ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်သည်။ 

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက် ည ၇ နာရီ မိနစ် ၃၀ တွင် စာသင်ကျောင်း အတွင်းရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်အား အနီးကပ် ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်က  ဗိုလ်ကြီး တစ်ဦး အပါအဝင် ၁၂ ဦးသေဆုံးပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က တပ်စုမှူး အပါအဝင် ခုနစ်ဦး ကျဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

နှစ်ဖက်တပ်များ ရောထွေးပြီး လက်တကမ်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း PDF Kalay တပ်ရင်း (၆)၊ တပ်ရင်း (၇) နှင့် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အင်အား ၅၀ ဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း ဆိုသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏  ကျဆုံး ရုပ်အလောင်းများအား စာသင်ကျောင်းထဲတွင် ချထား၍ ပြင်သာနှင့် တောင်အူရွာ ဒေသခံများ မလာမနေရ လာရောက် ကြည့်ရှုစေပြီး ကာကွယ်ရေးတပ်ဖွဲ့များ အကြမ်းဖက်၍ ၎င်းတို့ အနေဖြင့် ပြန်လည် တုံ့ပြန်ရခြင်း ဖြစ်ကြောင်း စစ်တပ်က ဝါဒဖြန့်ချီခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required