ထိုင်းတွင် မြန်မာအလုပ်ရှာဖွေသူ ၁၃၈ ဦး တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရ 

ထိုင်းတွင် မြန်မာအလုပ်ရှာဖွေသူ ၁၃၈ ဦး တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရ 

ဖေဖော်ဝါရီ ၅

ထိုင်းနိုင်ငံ ကန်ချန်နာဘူရီပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာအလုပ်ရှာဖွေသူ ၁၃၈ ဦးကို အင်္ဂါနေ့က ဖမ်းဆီးခဲ့သည်။ 

ကန်ချန်နာဘူရီ ရဲဌာနနှင့် စီမံခန့်ခွဲရေး တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့၏ နယ်စပ်ကင်းလှည့်မှု၌ မောင်းခရိုင် ဘန်ကောင်းအိုအရပ်က ရော်ဘာစိုက်ခင်းအတွင်း အမျိုးသား ၈၉ ဦးနှင့် အမျိုးသမီး ၄၉ ဦးကို ဖမ်းဆီးမိခြင်း ဖြစ်သည်။ 

အပူချိန်တိုင်းတာစစ်ဆေးမှုအရ ဖမ်းဆီးရမိသူ အားလုံး ကိုယ်အပူချိန် မရှိကြောင်း တွေ့ရသည်။ 

၎င်းတို့ကို နိုင်ငံရင်းဆီ ပြန်လည်ပို့ဆောင်ရေးအတွက် တရားဥပဒေအတိုင်းဆောင်ရွက်ရန် ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် တစ်နှစ် စစ်အာဏာသိမ်းချိန်မှစကာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများသည် သိသိသာသာ တိုးများလာခဲ့သည်။ ကန်ချန်နာဘူရီတွင် လက်ရှိ၌ ရွှေ့ပြောင်းလုပ်သား ဒါဇင်များစွာကို နေ့စဉ် ဖမ်းဆီးရမိလျက် ရှိပြီး တာဝန်ရှိသူများ ရှာဖွေမတွေ့ရှိဘဲ လွတ်မြောက်သွားသည့် အရေအတွက် မည်မျှရှိသည်ကို မသိနိုင်ပေ။ 

မြန်မာနိုင်ငံ၌ ဆိုးဝါးယိုယွင်းလာသော စီးပွားရေးကြောင့် လူအများစုသည် ထိုင်းနိုင်ငံ၌ ပိုမိုကောင်းမွန်သော အခွင့်အလမ်းအတွက် ရှာဖွေလာကြခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့်လည်း စီးပွားရေး ပြန်လည်ဖွင့်လှစ်နေခြင်းကြေင့် ကုမ္ပဏီများသည် အလုပ်သမား လိုအပ်ချက် မြင့်မားလျက် ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required