ပါကစ္စတန်တွင် အီမရန် ခန်းအစိုးရလက်ထက် စွမ်းအင်အကျပ်အတည်း ဆိုးဝါးလာ

ပါကစ္စတန်တွင် အီမရန် ခန်းအစိုးရလက်ထက် စွမ်းအင်အကျပ်အတည်း ဆိုးဝါးလာ

ပါကစ္စတန်နိုင်ငံတွင် ကြုံတွေ့နေရသည့် စွမ်းအင်အကျပ်အတည်းက အထူးစိုးရိမ်ဖွယ်ရာ အဆင့်တွင် ရှိနေပြီး ယင်းအကျပ်အတည်းကြောင့် နိုင်ငံတွင် ဆန္ဒပြပွဲများကိုလည်း ပေါ်ပေါက်စေခဲ့သည်။

စွမ်းအင်အကျပ်အတည်းက နိုင်ငံလုံးဆိုင်ရာ အရေးကိစ္စတစ်ခု ဖြစ်လာနေပြီး ယင်းသည် ဖေဖေါ်ဝါရီလအတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် အစိုးရဆန့်ကျင်ရေးခရီးရှည် ချီတက်ပွဲ၏ အဓိက အခြေခံအကြောင်းတရားများအနက် တစ်ခုလည်း ဖြစ်လာရန် ရှိနေသည်ဟု InsideOver သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ပါကစ္စတန် အတိုက်အခံပါတီများသည် ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရကို ဆန့်ကျင်သောအားဖြင့် ဖေဖေါ်ဝါရီလထဲတွင် ကရာချိမြို့မှ အစ္စလမ်မာဘတ်မြို့သို့ ခရီးရှည် ချီတက်မှုတစ်ခုကို လုပ်ဆောင်ရန် စီစဉ်ထားသည်။

ပါကစ္စတန်သည် မကြုံစဖူးသော စွမ်းအင် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရသည်။ မကြာခဏ ပေါ်ပေါက်နေသလို အချိန်ကြာမြင့်တတ်သော စွမ်းအင်ပြတ်တောက်မှုများကြောင့် သာမန် အိမ်ထောင်စုများအတွက် အခက်အခဲများ ဖြစ်ပေါ်စေရုံသာမက စက်မှုလုပ်ငန်း ထုတ်လုပ်မှုအပေါ်တွင်လည်း အဟန့်အတားဖြစ်စေကာ ပို့ကုန်များအပေါ်တွင်လည်း ထိခိုက်ထားစေခဲ့သည်ဟု InsideOver က ဖော်ပြသည်။

မကြုံစဖူးသော စွမ်းအင် အကျပ်အတည်းနှင့် ကြုံတွေ့နေရခြင်း၊ စီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် ပြန်လည်ပြုပြင်တည့်မတ်ရေး အစီအစဉ် ကင်းမဲ့နေခြင်းတို့က နိုင်ငံကို စီးပွားရေး ကပ်ဘေးတစ်ခုဆီ တွန်းပို့လျက်ရှိကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ဓာတ်ငွေ့၊ လျှပ်စစ်နှင့် ရေနံ ထုတ်ကုန်များ ထောက်ပံ့ဖြည့်ဆည်းမှုပိုင်းတွင် ပုံမှန်မရှိဘဲ ပြတ်တောင်းပြတ်တောင်း ဖြစ်နေမှုကြောင့် အစ္စလမ်မာဘတ်ရှိ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား စိတ်မသက်မသာဖြစ်စေသည့် အခြေအနေတစ်ရပ်နှင့် ကြုံတွေ့နေရသည်။

နိုင်ငံတွင်းရှိ မြို့ကြီး အများအပြားတွင်လည်း သဘာဝဓာတ်ငွေ့ ပြတ်တောက်မှုနှင့် အချိန်ကြာမြင့်စွာ ဓာတ်အားပြတ်တောက်မှုများကြောင့် ပြည်သူများထံမှ ဆန္ဒထုတ်ဖော်မှုများကို မြင်တွေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly