ငါန်းဇွန်မြို့နယ် ကုလရွာကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရ 

ငါန်းဇွန်မြို့နယ် ကုလရွာကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရ 

ဖေဖော်ဝါရီလ ၃ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကုလရွာကြီး ကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းကို  ဖေဖော်ဝါရီလ ၂ ရက်နေ့  ညနေ ၃ နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ် ခဲ့သည်ဟု ဇာမနီ ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

"သူက သူ့အဒေါ်အရင်း အိမ်ကိုတောင် စစ်ကောင်စီကိုခေါ်ပြီး သေနတ်နဲ့ ပစ်ခိုင်းတာ။ အဲ့ဒီ ပစ်ခိုင်းတဲ့ နေ့မှာပဲ ရွာက လူငယ် သုံးဦး ဖမ်းခံရတယ်။ တစ်ယောက်ကို သုံးသိန်းနဲ့ ပြန်ရွေးရတယ်။ နောက်လူတွေကိုလည်း အဲ့ဒီလိုပဲ ဖမ်းခိုင်းနေတာ။ အဲ့ဒါကြောင့် သူ့ကို ရွာလယ်မှာ ပစ်သတ် လိုက်တယ်။ လေးချက်လောက်တော့ ထိသွားတယ်" ဟု ၎င်းက ပြောသည်။ 

သေနတ်ဖြင့် ခုနစ်ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး နေရာ၌ ပွဲချင်းပြီး သေဆုံးသည်ဟု ဆိုသည်။ 

၎င်းသည် စစ်တပ်ကို ခေါ်ကာ ရွာသူ၊ ရွာသားများအား ဒူးထောက် စေခိုင်းပြီး ကိုယ်တိုင် ပါးရိုက် နှိပ်စက်ခြင်း၊ ၎င်းနှင့် ပုဂ္ဂိုလ်ရေး မသင့်မြတ်သော သူများကို စစ်တပ်ခေါ် ဖမ်းဆီးစေခြင်း၊ COVID  ကာကွယ်ဆေး မထိုးလျှင် ပြည်သူများကို ဒဏ်ငွေ ကျပ် ၅၀၀၀၀ ထိ ဆောင်ခိုင်းခြင်း၊ ဒေသခံများကို PDF နှင့် ဆက်သွယ်သည်ဟု စွပ်စွဲပြီး ဖမ်းခိုင်းခြင်းများ လုပ်ဆောင်သောကြောင့် ယခုကဲ့သို့ လုပ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required