ပုသိမ်မြို့က ဆီဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရာကား ၂ စီးနှင့် သုံးဘီးဆိုင်ကယ် ၁ စီး မီးလောင်

ပုသိမ်မြို့က ဆီဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရာကား ၂ စီးနှင့် သုံးဘီးဆိုင်ကယ် ၁ စီး မီးလောင်

ဖေဖော်ဝါရီလ ၂ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကမ်းနားလမ်းတွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်က ဆီဆိုင်တွင် မီးစတင်လောင်ကျွမ်းရာမှ ကားနှစ်စီးနှင့် သုံးဘီးဆိုင်ကယ် တစ်စီး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံထံက သိရသည်။ 

"ကမ်းနားလမ်းက ဆိုင်တစ်ဆိုင်ကို ဆီကားတစ်စီးက ဆီပေပါ လာချသွားတယ်။ ချထားခဲ့တုန်းက ဘာမှမဖြစ်ဘူး ပြီးတော့မှ အပူလွန်ပြီး အဲ့ဒီဆီ ပေပါ က စလောင်တာပါ" ဟု ကမ်းနားလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။ 

ထိုသို့  မီး စတင်လောင်ကျွမ်းရာမှ  အနီးရှိ အိမ်စီးကားတစ်စီး၊ ကုန်တင်ယာဥ်တစ်စီးနှင့် သုံးဘီးဆိုင်ကယ်တစ်စီး မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ နေ့လယ် ၁ နာရီ ၂၅ မိနစ်ခန့်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။ 

မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊မရှိနှင့် ပျက်စီး ဆုံးရှုံးမှု အခြေအနေအား မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required