လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ၂‌၂၂၂၂ သပိတ်ပြုလုပ်

By ကိုရွှေမြိတ်
02 February 2022
လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ၂‌၂၂၂၂ သပိတ်ပြုလုပ်

ဖေဖော်ဝါရီ ၂

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက နှစ်ငါးလုံး အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြခဲ့သည်။

စစ်ကောင်စီ၏ ဖိနှိပ်မှုများကြားက လောင်းလုံး မြို့နယ်လုံး ဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂနှင့် လူငယ်များ ပူးပေါင်းကာ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျရောက်သည့် " ၂၂၂၂၂ စိတ်ဓာတ် ကိုင်စွဲကာ ပြည်သူ တိုက်ပွဲ အောင်ပွဲဆင်ကြ " ဆိုသည့် ကြွေးကြော်သံနှင့် အတူ လူထု တေးသံသီချင်းများ သီဆိုခြင်းနှင့် တော်လှန် ကဗျာများ ရွတ်ဖတ်ပြီး အာဏာရှင်ကို သပိတ်မှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required