ထားဝယ်မြို့ပေါ်ရှိ စျေးသည်များကို ဆိုင်ပိတ်ပြီးအိမ်ပြန်ခွင့်မပြုရန် စစ်တပ်က ခြိမ်းခြောက်ပြောဆို

By ကိုရွှေမြိတ်
01 February 2022
ထားဝယ်မြို့ပေါ်ရှိ စျေးသည်များကို ဆိုင်ပိတ်ပြီးအိမ်ပြန်ခွင့်မပြုရန် စစ်တပ်က ခြိမ်းခြောက်ပြောဆို

ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ မြို့ပေါ် စျေးတချို့တွင် စျေးသည်များ စျေးရောင်းချ နေသော်လည်း ဝယ်သူ မရှိ၍ စျေးသိမ်း အိမ်ပြန်မည့် စျေးသည်များကို အိမ်ပြန်ခွင့် မပြုရန်အတွက် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ခြိမ်းခြောက်နေကြောင်း စျေးသည်များထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသံတိတ်သပိတ် ပြုလုပ်ထားခြင်းကြောင့် စျေးဝယ်သူ မရှိဘဲ နံနက် ၁၁ နာရီ အချိန်၌ ပုံမှန် စျေးသိမ်းချိန်တွင် အိမ်ပြန်ခွင့် မပြုဘဲ ရွှေဆိုင်အပါဝင်၊ စျေးဆိုင်အားလုံး ညနေ ၄ နာရီအထိ ဆက်ရောင်းရမည် ဆက်မရောင်းပါက ဖမ်းဆီးပြီး နောက်နောင် စျေးလုံးဝ ရောင်းရမည်မဟုတ်ဟု ခြိမ်းခြောက် ပြောဆိုခံနေရသည်ဟု စျေးသည် အသိုင်းအဝိုင်းမှ သိရသည်။

ထားဝယ်မြို့ပေါ်ရှိ ခြိမ်းခြောက်ခံရသည့် စျေးသည် တစ်ဦးက"ပုံမှန်ဆိုရင် မနက် စျေးရောင်းပြီး ၁၀နာရီ ၁၁ နာရီလောက်ဆိုရင် စျေးသိမ်းပါပြီး အခုက အတင်း အကျပ် ဝယ်သူ မရှိဘဲ အတင်း ဆိုင်ဖွင့်ခိုင်းနေတယ်"ဟု ပြောသည်။

လက်ရှိတွင် အသံတိတ် သပိတ်ပြုလုပ်နေခြင်းကြောင့် ထားဝယ်မြို့တွင် လူသွား လူလာ နည်းနေကြောင်း မြို့ခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly