ပုသိမ်မြို့ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်တွင် ပြည်သူများ ပါဝင်ဆင်နွှဲ

ပုသိမ်မြို့ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်တွင် ပြည်သူများ ပါဝင်ဆင်နွှဲ

ဖေဖော်ဝါရီလ ၁

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက စတင်ကာ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်တွင် ပြည်သူများ ပါဝင်ဆင်နွှဲနေသဖြင့် လူသွားလူလာ နည်းပါးနေကြောင်း ဒေသခံများထံက သိရသည်။

မြို့ပေါ် လမ်းမကြီးများတွင် စစ်ကောင်စီ ထောက်ခံသူအချို့နှင့် စစ်ကောင်စီတပ်များသာ ရှိကြောင်း၊ မြို့ပေါ်နေ ပြည်သူများ အသံတိတ်သပိတ်တွင် ပါဝင်ပြီး နေအိမ်များထဲတွင် နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ပုသိမ်မြို့ရဲ့ silence strike က တမူထူးတယ်ဗျ၊ စစ်သားတွေ ကိုယ်တိုင် ပူးပေါင်းပါဝင်တာ၊ ဘယ်လို ပါဝင်တာလဲ ဆိုတော့ ပုံမှန်ထက်ပိုတဲ့ စစ်ဆေးရေးတွေ မြို့အနှံ့ ချထားတာလေ၊ အဲ့လိုချထားတော့ ပြည်သူက စိတ်ရှုတ်ပြီး အပြင်ကို မထွက်တော့ဘူး၊ ဒါကြောင့် တိတ်ဆိတ်ခြင်း သပိတ်မှာ ပြည်သူတွေ အပြင်မထွက်အောင် စစ်သားတွေ ကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးတယ်လို့ ပြောရမှာ" ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်နေ့တွင် ပြုလုပ်သည့် အသံတိတ်သပိတ် မအောင်မြင်ရန် စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေများက နည်းမျိုးစုံဖြင့် တားဆီးနေသည့်ကြားက ပုသိမ်မြို့နေ ပြည်သူများ အသံတိတ် သပိတ်တွင် ပါဝင်ဆင်နွှဲနေကြခြင်း ဖြစ်သည်။

ဓာတ်ပုံ- မနက် ၁၁ နာရီ ပုသိမ်မြို့ပေါ် မြင်ကွင်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly