ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် ၇၀ စျေး လမ်းမကြီးအနီး ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီ ၁ရက် နံနက် ၃နာရီအချိန်တွင် တစ်ကြိမ် နံနက် ၉နာရီတွင် တစ်ကြိမ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
"မနက် အစောကြီး ၃နာရီလောက်က ဗုံးတစ်ကြိမ် ပေါက်တယ်၊ ၉နာရီလောက်ကလည်း တစ်ကြိမ်ပေါက်တယ်၊ ၇၀ စျေးအတွင်းတော့ မဟုတ်ဘူး၊ အဲ့လမ်းမကြီးပေါ်မှာ ပေါက်တာ။ လူတော့ ထိတယ်လို့ ပြောသံ မကြားရဘူးဗျ''ဟု အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာအနီးနေထိုင်သူ တစ်ဦးက ပြောသည်။