တရုတ်က ရှင်ကျန်းရှိ ဝီဂါများအပေါ် ဖိနှိပ်မှုတွင် ပါကစ္စတန်က ကူညီနေ

တရုတ်က ရှင်ကျန်းရှိ ဝီဂါများအပေါ် ဖိနှိပ်မှုတွင် ပါကစ္စတန်က ကူညီနေ

ပါကစ္စတန်သည် မွတ်စလင်အသိုက်အဝန်းများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကျူးလွန်သော အခြားနိုင်ငံများအား ရှုတ်ချရာတွင် အမြဲတမ်း ပါဝင်ခဲ့သော်လည်း တရုတ်အစိုးရက ရှင်ကျန်းရှိ ဝီဂါများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွင် လက်ရှောင်နေခဲ့သည်။

တရုတ်အာဏာပိုင်များသည် ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XAR) ဆိုင်ရာ အမည်ပျက်စာရင်း ၂၆ နိုင်ငံတွင် ပါကစ္စတန်ကို ထည့်သွင်းခဲ့သည်။

ပါကစ္စတန်နိုင်ငံမှ ဆီကန်ဒါဟာယက်နှင့် ဂူလမ်ဒူရန်နီတို့ကို ၎င်းတို့၏ ဝီဂါမျိုးနွယ်ဇနီးများနှင့် ခွဲထားသည်။

ဇနီးများကို XAR သို့ အလည်အပတ်သွားရောက်စဉ် တရုတ်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

နောက်ပိုင်း၌ XAR ရှိ မိခင်ကို ထောက်ပံ့ရန် သွားခဲ့သော ဟာယက်၏သားမှာလည်းဖခင်နှင့်၂ နှစ်မျှ အဆက်အသွယ်ပြတ်သွားခဲ့သလို ဒူရီယန်၏ဇနီးမှာလည်း ၂၀၁၇ ခုနှစ် ကတည်းက ထိန်းသိမ်းခံထားရသည်။

ပါကစ္စတန်၏ ကိုယ်ချင်းစာစိတ်မရှိမှုနှင့်တရုတ်နိုင်ငံ၏ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်မှုတို့ကို မြင်သာစေသည့် ရက်စက်ကြမ်းကြုတ်သောဖြစ်ရပ်တစ်ခုမှာ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များသည် တရုတ်နိုင်ငံမှ အကြမ်းဖက်သမားဟု သံသယရှိသူ ဝီဂါအစ္စလာမ္မစ်ကျောင်းသား ၁၄ ဦးအား ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသို့ လွှဲပြောင်းခံရပြီးနောက် အာဏာပိုင်များက ကျောင်းသားအားလုံးကို နယ်စပ်တွင် မညှာမတာ သတ်ဖြတ်ခဲ့သည်။

တူရကီသို့ သွားသော ဝီဂါများကို ပါကစ္စတန်အာဏာပိုင်များက လမ်းတွင် ဖမ်းဆီးကာနေရပ်ပြန်ပို့ခဲ့ သည်။၂၀၁၀ ခုနှစ်က အပြစ်မဲ့ ဝီဂါ ၅ ဦးသည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်မှုမရှိသော်လည်း ဘာလူချီစတန်မှတရုတ်သို့ ပြန်ပို့ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly