ရွှေကူမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ ဆေးရုံသို့ ခေါ်ဆောင်သွားချိန်တွင် သေဆုံး

ရွှေကူမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ ဆေးရုံသို့ ခေါ်ဆောင်သွားချိန်တွင် သေဆုံး

ဇန်နဝါရီလ ၂၉ ရက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့ကုန်းကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီကို သတင်း ပေးပို့နေသူဟု နာမည်ထွက်နေသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့မနက်ပိုင်းက ပစ်ခတ်ခံရကြောင်း ဒေသခံထံမှ သိရသည်။ 

ပစ်ခတ်ခံရသည့် မြို့ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမှာ အသက် ၅၆ နှစ်အရွယ် ဦးဇော်မျိုးအောင်ဖြစ်ပြီး ၎င်း၏နေအိမ်တွင် အပစ်ခံရသည့်အတွက် ဆေးရုံသို့ခေါ်ဆောင်သွာစဥ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ဆိုသည်။ 

၎င်းသည် ကျေးရွာအုပ်ချုပ်ရေးမှူးရာထူးကနေ နုတ်ထွက်ထားသူဖြစ်သော်လည်း အာဏာသိမ်းစစ်ကောင်စီနှင့် အဆက်အသွယ်ပြုလုပ်၍ သတင်းများပေးပို့နေသည့်အတွက် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုထားကြသည်။ 

ရွှေကူမြို့နယ်အတွင်း ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) များက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်၊  ၂၀၂၂ခုနှစ်  ဇန်နဝါ ရီလ ၁၉ရက်နေ့တွင် တစ်ကြိမ် ရွှေကူမြို့နယ်အ တွင်းရှိ  ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးဝန်ထမ်းများနုတ်ထွက်ကြရန် သတိပေးထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required