အိုလံပစ်ပွဲမတိုင်မီ အားကစားသမားများအား တရုတ်အစိုးရက ခြိမ်းခြောက်မှုအပေါ် လူ့အခွင့်အရေးအဖွဲ့ သတိပေး

အိုလံပစ်ပွဲမတိုင်မီ အားကစားသမားများအား တရုတ်အစိုးရက ခြိမ်းခြောက်မှုအပေါ် လူ့အခွင့်အရေးအဖွဲ့ သတိပေး

နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က လာမည့်လတွင်ကျင်းပမည့် ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲမတိုင်မီ လွတ်လပ်စွာပြောဆိုခွင့်နှင့်ပတ်သက်၍ တရုတ်အာဏာပိုင်များ ၏ ခြိမ်းခြောက်မှုများအပေါ် စိုးရိမ်ပူပန်လျက်ရှိသည်။

၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် နီးကပ်လာသည်နှင့်အမျှ အားကစားပြိုင်ပွဲအတွက် စိုးရိမ်မှုများ ကြီးထွားလာသလို ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများနှင့်ပတ်သက်၍ အားကစားသမားများ

နှုတ်ဆိတ်နေရန် တရုတ်အာဏာပိုင်များနှင့် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) မှ ပူးပေါင်းပါဝင်သူများက မျှော်လင့်ထားကြသည်။

၂၀၂၂ ခုနှစ်ပေကျင်းအိုလံပစ်ပွဲတော်၏ နိုင်ငံတကာဆက်ဆံရေးဌာနမှ ဒုတိယ ဒါရိုက်တာ ယန်ရှူးက “ပြိုင်ပွဲနှင့် ပတ်သက်၍လည်းကောင်း အထူးသဖြင့် တရုတ်ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်သည့် အပြုအမူ သို့မဟုတ် ပြောဆိုမှုမှန်သမျှကို ပြစ်ဒဏ်ချမှတ်မည်” ဟု ပြောသည်။

နို်ငငံ၏ ဂုဏ်သတင်းကို အားကစားဖြင့် ဆေးကြောရာတွင် အားကစားသမားများသည် အသုံးချခံပစ္စည်းများ မဟုတ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က သတိပေးထားသည်။

ပေကျင်းတွင် အာဏာပိုင်များက လုပ်ပိုင်ခွင့်ကို အရှိန်မြှင့်လာမည်ဖြစ်ကြောင်းနှင့် ရှင်ကျန်းတွင် တရုတ်၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခြားသော ညှင်းပန်းနှိပ်စက်မှုအများအပြားကို ထုတ်ဖော်ပြောကြားချင်ကြသော်လည်း ယင်းသို့လုပ်ဆောင်ပက ခြိမ်းခြောက်မှုများ ရင်ဆိုင်ရဖွယ်ရှိကြောင်း HRW ကပြောသည်။

ယင်းအဖွဲ့၏ အကြီးတန်းတရုတ်သုတေသနပညာရှင် ယာချူဝမ်က "လူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို တရားစွဲဆိုနိုင်တဲ့ ရာဇဝတ်မှုတွေအတွက် တရုတ်ဥပဒေတွေက မရေမတွက်နိုင်အောင်ရှိပါတယ်။ တရုတ်နိုင်ငံမှာ ပြစ်ဒဏ်စီရင်မှုနှုန်းက ၉၉ ရာခိုင်နှုန်း ရှိပါတယ်။ တရုတ်နိုင်ငံမှာ အစိုးရကို ဝေဖန်တဲ့သူတွေကို နိုင်ငံရေးဆန္ဒပြမှုတွေ၊ ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်ပေးမှုတွေေနဲ့ ထောင်ဒဏ်ချမှတ်လေ့ရှိပါတယ်” က ပြောသည်။

ဆောင်းရာသီ အိုလံပစ်ပွဲတော်မတိုင်မီ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းကို ပြင်းထန်စွာ စောင့်ကြည့် ခံနေရပြီး ရှင်ကျန်းတွင် တရုတ်က ဆက်လက်ကျူးလွန်နေသည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆန့်ကျင်သည့် ကြေညာချက်အဖြစ် အမေရိကန်နှင့် အခြားနိုင်ငံအများအပြားက အဆိုပါပွဲကို သံတမန်ရေးအရ သပိတ်မှောက်ကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly